Thursday, March 10, 2016

လူစီဖာရဲ့ ​ကျေးကျွန်​(၂)

လူစီဖာရဲ့ ကျေးကျွန် (၂)

နီရိုး၏ဘိုတန်ဟာ ဟန်ချက်မပျက်ရွေ့လျားလျှက်။
ရောမမြို့ရဲ့နေဝင်ချိန်ဟာ အမေ့ရဲ့ သားအိမ်ကင်ဆာဖြစ်တယ်။
ဘုရင့်နောင်ဟာ လက်ငါးချောင်းစလုံးရဲ့ထိပ်ဖျားမှာ သုံလက္မသံများကိုရိုက်သွင်းနေ၏။
အဝေးပြေးကားလမ်းမပေါ်မှာ တဝီဝီလည်နေတဲ့ မီးနီ မီးပြာနဲ့ သေမင်းရဲ့ သီချင်းသံ တဝီဝီ။
အဖေဟာ သူ့လိင်တံကိုဖြတ်ပစ်ချင်တဲ့ လေယူလေသိမ်းနဲ့ ငါ့ဆီသို့ ဖုန်းသုံးခါဆက်တယ်။မက်ဆေ့ဂ်ျဆယ့်နှစ်စောင်ပို့တယ်။
အလ်ကိုဟောများ ထစ်ချုံးနေတဲ့ နာဠာဂီရိတစ်ကောင်။
ဘီးလ်ဇဘက်ဘ် နတ်တွေနဲ့ လက်ချင်းယှက်ရင်း
အမှောင်စူးစူးမှာ ကျနော့လက်ညှိုးကဒိန်ချဉ်ခဲတွေနဲ့ အမေ့ကိုဘယ်သူကယ်လို့ပြန်ရှင်လာမလဲ။
လူနာကုတင်ပေါ်က ပြာနှမ်းနှမ်းနှုတ်ခမ်းဟာ
အရှင်ငရဲဘုံက ကျနော့နှာမည်ကိုခေါ်သတဲ့။
ဆိုက်ဗေးရီးယားငှက်တို့ရဲ့ တောင်ဖန်ဟာ ဆန့်ကျင့်ရာလိင်ဆီဦးတည်ပျံသန်းသည့်သာဒက။
ကျနော်ဟာ လိင်ဆက်ဆန်နေဆဲ။
မွေးမယ်ကျေးဇူးဆပ်ဖူးချင်တယ် ဆိုတာ ဟင်္သတထွန်းရင်ဆိုကတည်းက ကျနော့လိုရပ်ပါ ဘဝင်ကျခဲ့တာမဟုတ်ဘူး။
ဝသုနြေ္ဒဟာ မြေပြင်ကို လက်ထဝါးခပ်ပြီး သတိပေးတယ်။
ကျနော့လက်က ရမ်ပုလင်းပြုတ်ကျသွားတယ်။
အဖေ့ရဲ့အံသွားကြိတ်သံတွေ"မွေးကတည်းက အူဝဲ လိုမငိုပဲ အိန္ဒြာကျော်ဇင်လို့ငိုခဲ့တဲ့ကောင်"တဲ့။
ကျနော့ကိုအမေမွေးခဲ့တာပဲ။
အမေ့ကိုကျနော်ပြန်မွေးရအုံးမှာပဲ။
ပုလင်းကွဲဟာ ဦးနှောက်ကိုရှတယ်။
ပြတင်းကိုဖွင့်ပြီးကြည့်လိုက်တယ်။
ရောမမြို့တော် ပြာဖြစ်သွားပြီပဲ။
အဲ့ဒီနောက် ကျနော့ကိုယ်ထည်ကို တေဇောမီးတွေ စလောင်မြိုက်တော့တယ်။

K-ဒါရ

No comments:

Post a Comment