Saturday, March 12, 2016

မျှော့တွယ်​ခြင်း

မျှော့တွယ်ခြင်း

မျှော့တစ်ကောင်ရဲ့သားအိမ်မှာ
ငါမြင်ခဲ့ရတယ်။
ပဋိဇီဝရဲ့ ထူးဆန်းတဲ့ လိင်အင်္ဂါမဲ့
ရုပ်ဖြစ်မှုတွေ၊မြေသားနဲ့ အာဒင်ကိုဖန်ဆင်းတဲ့ ဘုရားသခင်ဟာ အာဒင့်နံရိုးနဲ့ ဧဝကိုပါဖန်ဆင်းပြီး ဆန့်ကျင်ဘက်လိင်တွေကို ဘာလို့ထည့်ခဲ့သလဲ။
မျှော့တစ်ကောင်ရဲ့သားအိမ်မှာ
ပန်းသီးနီနီတစ်လုံးကို ဧဝမြင်ခဲ့တယ်။

ဒါဟာ မျှော့တွယ်ခံရခြင်းပဲ
ဒါကြောင်းပဲ
ငါတို့ပြာနှမ်းလာတယ်ဆိုတာ ငါတို့
လက်ခံဖို့ ငြင်းဆန်ခဲ့ကြတယ်။

တစ်စုံတစ်ခုကိုအမှီပြုပြီး
ငါတို့ဘယ်သို့ရုန်းထွက်မယ်ဆိုတာကို
ငါတို့တွေးချိန်မရှိတော့ဘူး
ငါတို့ဟာ မျှော့တစ်ကောင်ရဲ့ဝမ်းဗိုက်ထဲမှ
ဝင်ကစွတ်ကောင်များ၊ငါတို့။

ဆင်ခြင်စိတ်မဲ့ခြင်းဟာ
သွေးပျက်လာချိန်တိုင်းငါတို့ကြုံတွေ့ရမဲ့
ငါတို့ရဲ့ သက်တန့်လို ခြောက်ရောင်ခြယ်
လီဆယ်တဲ့ လေသားတံတားမျိုး။

မျှော့တွယ်ခြင်းဆိုတာ
ရေဆင်းချိုးသူတွေသာ ခံစားရတဲ့
အသဲယားစရာ ကြောက်ရွံဖွယ်
ကိုယ်ကျိုးနဲခြင်းတစ်မျိုး။ ။

K-ဒါရ

No comments:

Post a Comment