Saturday, March 12, 2016

လူစီဖာရဲ့​ ​ကျေးကျွန်​(၇)

လူစီဖာရဲ့ ကျေးကျွန် (၇)

ဘုရားကျောင်းထဲက အစမိုးဒီးရက်စ် ဟာပန်းကန်ပြားပျံစီး၍ထွက်လာ၏။
ပိဋိကပ်တော်မှ အစိန္တေယျဂုဏ်တော်ကို ၎င်း   ထက်ဝှက်ဖဲ့ယူသွားချေပြီ။
အသံချဲ့စက်မှ ဂျပန်ပြည်တန်ဆာမရဲ့ ညည်းသံများသာထွက်ပေါ်လာ၏။
ရိုလာစကိုပေါ်မှ ခွေးတောက်သီးဝတ်ဆံများ။
သင်္ကြန်ကားပေါ်မှ ရေဆေးခြယ် တက်တူးအတုများ။
အရေပြားပေါ်မှ ဈေးနှုန်းမြင့်မိတ်ကပ်များကို
အပ္ပမာဓတရားလို လေဝင်လေထွက် ကသိုင်းရှူ့သူ။
အစမိုးဒီးရက်စ်ဟာ ဇိဉ္ဇမာန အယောက်တစ်ရာကို ငါတို့ထံသို့လွှတ်သည်။
"နှစ်ပေါင်းနှစ်ထောင်ကျော်သက်တန်းရှိပုထိုးတော်မှာ မင်းဝတ်တန်းဆာနဲ့ ရတနာကိုးပါးရှိတယ်။ရထားလား။ရထားလား။"
"ရထားပါ။ရထားပါ"
မျက်နှာများကို ကွန်ဒုံးနှင့် ဖုံးလိုက်၏။
ပုထိုးတော်ကို သံတူရွင်းတို့နှင့် မုဒိမ်းကျင်၏။
မာကြောခက်ထာန်သော နှစ်ချို့ကျောက်မာများမှာ ဂေါတမရဲ့ လက်ဗွေရှာတွေကို
ကျော်ဖြတ်လာ၏။
မှောင်ပိန်းနေသော တွင်းနက်တစ်ခုမှာ ငါတို့သံသရာကို နှစ်ချို့စိမ်၏။
ကြားနေရသော ဓမ္မတေးတို့မှာ အဝီစိကလာသော
ကြေးနန်းများ။
သာသနာ့အလံကို ခြုံထားသော သောနုထိုရ်ရဲ့ အစွယ်ချိုးခန်း။
ငါ့သားထုလိုက်သော ကြေးစဉ်သံဟာ မိုသောက်ယံချိန်ကိုဖောက်ထွင်းပြီး ငါ့နထင်သို့ မှန်၏။
သူတို့အင်္ကျီကို အရင်မီးချို့ပြီး သူတို့အင်္ကျီရှာဖို့
ဒီပုထိုးကို ငါဖြိုခဲ့ပြီ။
မန္တလေးသိန်းဇော်ရဲ့ သီချင်းသံဟာ ဓမ္မာရုံကနေ လွင့်ပျံလာတယ်
"၂၅၀၀အထက် ၅၀၀၀သက္ကရဇ် တည်ပါစေသော်"

K-ကေဒါရ

No comments:

Post a Comment