Thursday, October 6, 2016

သေခြင်းတရားဟာ ဘယ်​ငရဲ​လောက်​မှမလှဘူး

သေခြင်းတရားဟာ လက်ရှိငရဲလောက်မှ မလှဘူး
lllllllllllllllllllllllllllllllllllllllllllllllllllllllllllllllllllllllllll

ဘယ်လောက်တုံလှုပ်စရာကောင်းတဲ့
ကျမ္မာရေးချို့ယွင်းမှုလဲ
ငါ့မျက်ကြည်လွှာမှာ မင်းမျက်နှာပုံမှိုပွင့်တွေ
ကြီးထွားနေပြီ
နားရွက်နှစ်ဖက်ဟာ ကမ္ဘာကြီးတုံးဟီးသံကအစ
မင်းခေါ်အဖြစ်အပြစ်ပြောင်းလွဲပြီး
ငါ့နားထင်က ရင်ဘတ်ထိရောက်အောင်
လွှံသွားတစ်ခုကိုလို ထိုးသွင်းနပြေီ
မင်းရဲ့ကြီးစိုးမှုဟာ ကာလသားဝမ်းရောဂါဗိုင်းရစ်လို
ငါ့သိ၊ထိ၊ကြားနာမှုတိုင်းနီးပါးကို ဝါးမြိုလာပြီ။

လမ်းလျှောက်နေရင်း ရပ်ထားတဲ့ ကားတစ်စီးကို
ငါဝင်တိုက်မိတဲ့အခါမျိုး
ကော်ဖီဆိုင်ထွက်လာတုံး ခွေးတစ်ကောင် ငါ့ဆီသို့ပြေးလာတဲ့အခါမျိုးမှာ
မင်းကိုမေ့သွားတဲ့အခိုက်တန့် တွေဆိုတာ
ငါကျမ္မာနေတာပဲ
သိနေမှုကို အာသာတစ်ခုကတွန်သလိုမျိုး
ငါကျမ္မာနေတာကို ငါမကြိုက်ဘူးအချစ်။

ငါ့မှိတ်ထားတဲ့ မျက်လုံးအတွက်
မမြင်နိုင်တဲ့အမှောင်ထုရဲ့ နတ်ဘုရားမတစ်ဆူ၊
ငါဖွင့်ထားတဲ့  မျက်လုံးတွေအတွက်
မြင်နေသမျှရဲ့ လောကဓာတ်တက်တူ၊
အာရုံခြောက်ပါးရဲ့နာမ်စား၊
အရူးတစ်ကောင်ရဲ့ အမဲသား၊
ဟုတ်ကဲ့။မင်းဟာ ငါ့ရဲ့သဘာဝတရားဖြစ်လာပြီ။

တစ်ချက် တချက်
ရင်ခုံမှုမှာ သွေးတစက်စက်ကျသလို နာကျင်ရတယ်
တစ်ဝှက်တစ်ပျက်နဲ့ ရှင်သန်မှုကို ရပ်စဲပစ်ချင်အောင် နာကျင်ရတယ်
တစ်သက်ပြီးနောက်တစ်သက်မှာ မင်းနဲ့မကြုံမှာကို စိုးရိမ်တာနဲ့ပဲ လက်ရှိငရဲကို ထိတ်ထိတ်လန့်လန့်နဲ့ လိုချင်နေရတယ်။

လူသားတွေချစ်ကြမှု အပြုအမူမှာ
ငါ့လောက်မိုက်မဲသူ ရှာတွေ့အုံးမလား
ရှင်နေတဲ့သိက္ခာငွေ့ငွေ့ကလေးကို မင်းနှာမည်နဲ့
ဘာဏ်အကောင့်ဖွင့်ပစ်တယ်
ယုံကြည်မှုဆိုတာဟာ မင်းပြန်လာမယ် ဆိုတာကလွဲပြီး ကျန်တာဘာမှမဟုတ်ဘူးလို့ ယုံကြည်ပစ်လိုက်တယ်
ငါ့နှုတ်ခမ်းမှာရွှဲစိုဖူးတဲ့ မင့်လျှာရည်တစ်စက်ထဲမှာ ငါ့နခေါင်းကိုနှစ်ထားပစ်လိုက်တယ်။

K-ဒါရ

Wednesday, October 5, 2016

နေမဝင်ခင် နေဝင်သွားတယ် ညို

•••နေမဝင်ခင် နေဝင်သွားတယ် ညို•••

၁။ ။
အသက်ရဲ့ အသက်ဟာ မင်ပါ လို့ ပြောပြီးနောက်
ငါ့ဆီသို့ ပြန်လည်ရောက်ရှိလာတဲ့ တန်ပြန်မှုဟာ
guncottonလို နိုက်ထရစ်နဲ့ ဆာလ်ဖျူရစ်အက်ဆစ်ရည်ထဲစိမ်လိုက်ရုံနဲ့ အပြင်းထန်ဆုံး ပေါက်ကွဲအားကို  ရလာနိုင်တဲ့ ဂွမ်း တစ်မျိုးသာ ဖြစ်တယ်။

၂။ ။
အရေမရ အဖတ်မရ ထိုင်လွမ်းနေပစ်လိုက်ဖို့
မင်းရဲ့ ဖြတ်ထုပ်ပစ်တဲ့ လက်သဲစတွေလို
ငါကိုငါ မင်းမလိုအပ်တဲ့ အလှတရားတစ်ခုရဲ့ နာမ်စားနဲ့ အမှိုက်ပုံးထဲ ပစ်ချပစ်ခဲ့။
ဖုန်းကိုပါဝါဖွင့်ပြီး wall paper နဲ့ စကားပြောဖြစ်ခဲ့တဲ့ ညနယ်တွေ၊
မင်း စွန့်ပစ်လို့ ရနိုင်တာဟာ ငါ့ရယ်သံတွေကိုသာ ဖြစ်ပြီး မင်းထွက်ပြေးလေ ပိုပြီးနီးသွားလေ ဖြစ်နေတဲ့ ငါ့ရဲ့ သတိရခြင်းတွေကို မင်းမလိုချင်ရင်တောင် အလင်း/အမှောင် နဲ့ ထပ်တူနေခွင့်ပေးနေရလိမ့်မယ်ဆိုတဲ့ စာသားလေးတွေရေးထားတဲ့ စက္ကူလေတွေကို ရေထဲမျှောနေမိခဲ့တဲ့ နေ့လည်ခင်းကလေးတွေ....

၃။ ။
အရင်တုံးက ငါ ထင်ထားခဲ့တာဟာ
အိပ်မက်တွေဟာ အလင်းနဲ့ ထိတွေ့တဲ့အခါ အရောင်ပြယ်သွားတဲ့ စိတ်ကူးယဉ်လွန် လက်တွေ့ဆန်ခြင်း တစ်မျိုး။
အရင်တုံးက ငါထင်ထားခဲ့တာဟာ
အချစ်ဆိုတာ လမ်းလျှောက်ရင်း မက်နေနိုင်တဲ့
18+အိပ်မက်တစ်မျိုး
အခုတော့ ငါဟာ မိုးလင်းမှာကို ကြောက်ခဲ့တယ်။
ဝါးလုံးခေါင်းထဲက လင်းနို့တစ်ကောင်လို အဲ့ဒီအမှောင်ထဲမှာ နေသားကျကျ မကျကျ မင်းကို လွမ်းနေရုံကလေးအတွက်ပဲ အလင်းနဲ့ဝေးရာကို ငါထွက်ပြေးခဲ့တဲ့ နေ့အသေတွေ။

၎။  ။
မင်းကို လွမ်းတဲ့ အထိမ်းအမှတ်အဖြစ်နဲ့ ညာဖက်လက်ကောက်ဝတ်မှာ မင်းနှာမည်ကို
တက်တူးထိုးထားတယ်။
မင်းကို လွမ်းတဲ့ အထိမ်းအမှတ်အဖြစ်နဲ့ ဘယ်ဘက်နားရွက်ဖျားကို ကပ်ကြေးနဲ့ ညှပ်ပြီး ဖြတ်ပစ်တယ်။
မင်းကိုလွမ်းတဲ့ အထိမ်းအမှတ် အဖြစ်နဲ့ ဆေးလိပ်တွေကို အလွန်အကျွန်သောက်ခဲ့တယ်။
မင်းကိုမေ့မယ်ကြံတိုင်း မှန်ထဲက ကိုယ့်နားရွက် အပဲ့တွေ၊လက်ကောက်ဝတ်က မင်းနှာမည်တက်တူးတွေကို ပြန်မြင်ပြီး ပြန်လွမ်းစေဖို့ ၊မလွမ်းနိုင်တော့တဲ့ အခါ ကင်ဆာဖြစ်ပြီး ငါသေဆုံးသွားဖို့ ကြိုတင်ကြံစဉ်ခြင်းတွေမှာ အဓိပ္ပါယ်ဟာ စကားနဲ့မဆန့်နိုင်တော့ပါ ညို။

၅။  ။
ငါ့မျက်လုံးတွေဟာ အရင်ကလို ကောင်းကင်ကိုကြည့်တဲ့အခါ မိုးတိမ်ပြာပြာတွေကို မမြင်ရတော့ဘူး ညို။
ဘုရားဟာ စိတ်ကို ဟောခဲ့တာ။
ကောင်းကင်အနှံ့မှာ မင်းမျက်နှာတွေ ပြန့်ကြက်လို့၊
အရင်က မင်းပို့ခဲ့တဲ့ နှစ်ယောက်ကြည့်ရုံ ပုံတွေမှာ
မင်းဘရာစီယာဝတ်မထားတဲ့ပုံတွေဟာ အသက်ဝင်လာကြ။
ငါ မင်းဓာတ်ပုံနဲ့ လိင်ဆက်ဆံခြင်းကို ဖန်တီးနိုင်ခဲ့ပြီးနောက်။
ငါ ကောင်းကင်နဲ့ လိင်ဆက်ဆံတယ်။
မြက်ခင်းပြင်နဲ့ လိင်ဆက်ဆံတယ်။
အဝေးပြေးလမ်းနဲ့ လိင်ဆက်ဆံတယ်။
တစ်ခါတစ်လေမှာ ဗာဒံရွက်အကြွေတွေကိုပါ လိင်ဆက်ပစ်လိုက်တာ။

၆။ ။
မင်းမရှိတဲ့အချိန်တွေဟာ မင်းရှိနေတုံးကလောက်
နှင်းဆီအဝါတွေ မမွှေးတော့ဘူး ညို။
မကြာခင်မှာ နှင်းဆီပင်တွေ အိုစာလာလိမ့်မယ်ဆိုတာကို သိပေမဲ့ ပျိုမြစ်နေဆဲ့ အလွမ်းတစ်ခုကို ငါပိုင်ဆိုင်ထားရရုံနဲ့
သေခြင်းတရားတွေဟာ ငါနဲ့ ပါတ်သတ်ခြင်းမရှိတဲ့ ဆုလာဘ်တစ်မျိုးလိုမျို
အမေမွေးထားတဲ့ ကြောင်လေး ဂျိုလီ သေတုံးကလည်း ငါရယ်ခဲ့တယ်။
ဘာလို့ မရယ်ရမှာလည်း ညိုရယ်ရယ်
သေဆုံးသွားတဲ့ အရာတိုင်းဟာ မင်းခေါင်းထက်မှာ
ရွှေအိုရောင်ဆံပင်တွေအဖြစ်နဲ့ ပေါက်ခွင့်ရကြတယ် ။

၇။  ။
နေ့ခင်းတချို့တလေမှာ မင်းကိုလွမ်းရင်း ပျင်းစိတ်ဝင်တော့ ငါ့ကို ထိုင်ဆဲပစ်တယ်။
ရယ်စရာမကောင်းဘူးလား ညို
တချို့ လူတွေဟာ သူတို့ပျော်ရွှင်ဖို့ အခြားတစ်ယောက်ကို သိပ်ချစ်တယ်လို့ ပြောကြတယ်။

၈။  ။
ငါဖတ်ဖူးတဲ့ ရာဇဝင်ထဲမှာတော့ ဘီလူးတစ်ကောင်ဟာသိပ်ရယ်ရတာပဲ။
ချစ်တယ်ဆိုတဲ့ ခေါင်းစဉ်တစ်ခုတည်းနဲ့
ဒီလောက်နံစော်မဲ့ အာခံတွင်းထဲ သူ့ချစ်သူကို ငုံထားခဲ့တယ်။
မင်း အဆင်ပြေတယ် မဟုတ်လား ညို။
ငါ အဆင်ပြေပါတယ် ဆိုတာ မင်းချစ်တဲ့ လူရဲ့ရင်ခွင်မှာ မင်းငါ့ကို မေ့နေတဲ့ အခိုက်တန့်ကို ဆိုလိုတာပါ။

၉။  ။
ရေးမိတဲ့ ကဗျာတိုင်းကို ညို ဆိုပြီး ခေါင်းစဉ်ပေးတယ်။
လေးဖြူရဲ့ စာမျက်နှာတစ်ဆယ့်ငါး သီချင်းထဲက မင်း ဆိုတဲ့ နေရာမှာ ညို လို့ ပြောင်းပြီး ငါဆိုတယ်။
ကမ္ဘာကြီး ဘယ်တော့ပျက်မလဲ ဆိုတဲ့ သေးလွန်စတိုင်းကို လက်လှမ်းမီသလောက် လေ့လာတယ်။
သတင်းစာတွေမှာ နာရေးကြော်ငြာသို့ရောက်တိုင်း ငါ့နှာမည်ပါမလား လိုက်ရှာတယ်။
သေလုဆဲဆဲ နှင်းဆီအဝါပင်တွေကို ငါ့နှာမည်ပေးထားပြီး အမေရေလောင်းနေကျ ကစ်မီ ပန်းပင်ကလေးကို ညို ဖြစ်တယ်လို့ ငါပြောခဲ့တယ်။
ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းကို တစ်ဦးတစ်ယောက် အတွက်အမှီပြုပြီးရွတ်လိုက်တာနဲ့ ကိုယ်ချစ်တဲ့သူဟာ ပြုံးနေဖို့ကို မျှော်လင့်ရတာပဲ မဟုတ်လား ညို။

၁၀။  ။
အလွမ်းဟာ အောက်စီဂျင် ဗားရှင်းအသစ်တစ်မျိုးပေါ့။
မင်းကို မလွမ်းတဲ့အခါ ငါသေဆုံးသွားနိုင်တယ် ဆိုတဲ့ သတိလေးကြောင့်ပဲ ကိုယ်ကိုယ် မီးညှိသူကို
ဖယောင်းတိုင်တစ်ချောင်းလို ကျေးဇူးတင်နေရ။
ငါဟာ အိပ်မက်မက်ရင်း လမ်းလျှောက်နေသူလို အဝေးပြေးလမ်းမတွေမှာတောင် ကားတွေဟာ ငါ့ကို ရှောင်ပြီး ဖြတ်မောင်းသွားကြတယ်။
အိပ်ရာက နိုးလာပြီး အိပ်မက်တစ်ခုပြန်မက်ဖို့ကို နှလုံးသွေးတွေနဲ့ လာဘ်ထိုးခဲ့ရ
ပြီးတော့မှ ညမရောက်ပဲ ဟောဒီအိပ်မက်ကို ငါမက်ခွင့်ရခဲ့တာ။

K-ဒါရ