Saturday, March 12, 2016

ဝင်​ကစွတ်​များ ခရီးသွား​နေသည်

"ဝင်ကစွတ်များ ခရီးသွားနေသည်"
____________________

ဖိနပ်ရောင်းသမနဲ့ ချိုင်းထောက်လုပ်သူရဲ့
ဆုတောင်း၊လူတွေဟာ ကျောက်ဆောင်ကြားတစ်ခုမှာ ခရုခွံတွေကို တွေ့ရှိဖို့ သမုဒ္ဒရာထဲ ခုံဆင်းခဲ့တဲ့ ဝင်ကစွတ်တွေ။
ကျွန်းဆွယ်တွေတကယ်ရှိနိုင်မလား။
ဝေဝါးခြင်းနဲ့ မိမိနင်းလျှောက်နေတဲ့ကမ္ဘာမြေဟာ
မိမိတည့်တည့်ကနေ ပေါက်ထွက်ကျွံကျသွားနိုင်တာကို
သတိမထားပဲ ဖုတ်သွင်းရထားကို ကျောက်တုံးထက်က မျှော်ကြတယ်။

လူဟာ သေခြင်းနဲ့ ရှင်ခြင်းကြားက
တန်ဘိုးရှိတဲ့ ကြေးဒင်္ဂါးပြား၊
ဒီနေ့နဲ့ မနက်ဖြန်ကို လက်တန်းရေးတဲ့
ဗင်းဆင့်ဗင်ဂိုများ၊ကံတရားကို လက်ဖျားက
ခြွေချရင်း ဘုရားသခင်ကို အော်ဆဲနေတဲ့
ဗာလာနများ။

သူများတစ်သက်သေတိုင်း မိမိအသက်တစ်ရက်ပိုရှည်သလို
တစ်ကမ္ဘာလုံးကို သွားရည်ယိုနေတဲ့ ချင်ခြင်းနဲ့
မိုးလင်းပြီးနောက် မိုးချုပ်ချိန်ကို ရောက်/မရောက်မသေချာခင် ပင်လယ်ရေပြင်မှာ
သူ့ထက်ငါလျင်ကူးခတ်နေကြလေရဲ့....။

K-ဒါရ

No comments:

Post a Comment