Sunday, March 27, 2016

နွားရိုင်းသွင်းချိန်

နွားရိုင်းသွင်းချိန်
----------------
ညနယ်လေးနာရီသည် မြက်ပင်များ၏ငရဲဖြစ်သည်။
ငရဲသည် မြေနီလမ်းများကို စုံပေါက်၍လာနေသည်။
မြေနီလမ်းမှ တစ်ထောင်းထောင်းထနေသော ဖုံဝါတိုက်များမှာ ယသော်ဒရာ၏ သားအိမိဖြစ်သည်။ယသော်ဒရာသည် ရာဟုလာကို မွေးပြီး သိဒ္ဒတ္ထကို ကျုံးသွင်းလိုက်သည်။
ကျုံး၌ ဆင်တို့၏ခွန်အားသည် အချဉ်းနှီးသာဖြစ်၏။
အချဉ်းနှီးဖြစ်သော ဘဝကို အရောင်တလက်လက် တောက်ပဖို့ရာ ခန္ဓိကနှင့် နန်းကခွာလေသည်။

ညနယ်လေးနာရီသည် အမေအိုများ၏ သားမျှော်ချိန်ဖြစ်သည်။
သားသည် နွားကိုနှင်၍ နာဇီတတ်ထဲဝင်လေသည်။
နာဇီတံဆိပ်မှ စကြာတံဆိပ်သည် အမျိုးသမီးများ၏ ပဋိသန္ဓေတားဆေးဖြစ်သည်။
ပဋိသန္ဓေသည် ရှင်ခြင်းသို့ ဦးတည်သည်လား၊သေခြင်းသို့ဦးတည်သည်လား။
ဦးတည်ရာ အရပ်သည် အနော်မာသောင်ဖြစ်ပြီး
အနော်မာသောင်သည် ပဋိသန္ဓေတားဆေးဖြစ်နေပြန်သည်။

ညနယ်လေးနာရီသည် အပျိုမလေးများ ရေခပ်ဆင်းချိန်ဖြစ်၏။
ရေသည် အံမခန်းစွမ်းအားကို ပိုင်ဆိုင်သည်။
စွန်းအားတို့သည် ဗောဓိပင်အောက်မှ ထွက်ပြေးကုန်၏။
ထွက်ပြေးခြင်းသည် လွတ်မြောက်ရာသို့ ဦးတည်သည်။
လွတ်မြောက်ရာသည် နိမ္ဗာန်ဖြစ်သည်။
နိမ္ဗန်သို့သွားရန် ဗောဓိပင်အောက်တွင် ခြောက်နှစ်ထိုင်စောင့်သည်။

ညနယ်လေးနာရီသည် နေမင်း၏အဆင်းကို အလင်းဖျော့စချိန်ဖြစ်၏။
အဆင်းသည် တောက်လောင်ခြင်းလား၊လင်းလက်ခြင်းလား ခွဲခြားတတ်ရန်လိုပေသည်။
ခွဲခြားတတ်ဖို့ရာ နတ်တို့ဟာ စောင်းကိုတီးလေ၏။
စောင်းသည် တရားဟောဆရာဖြစ်သည်။
တရားဟောဆရာသည် ဗောဓိပင်အောက်၌ရောင်ဝါကွန့်မြူးလာသည်။

ညနယ်လေးနာရီသည် ပင်လယ်ရေများကို နီမြန်းစေချိန်ဖြစ်သည်။
အနီရောင်သည် သစ္စာလေးပါးကို ကိုယ်ဝန်လွယ်ထားသည်။
ကိုယ်ဝန်သည် ကိဋိကပ်သုံးဖုံဖြစ်သည်။
ပိဋိကပ်သည် မြစ်ဆုံဖြစ်သည်။
မြစ်ဆုံသို့ရောက်ပြီ သင် ကြိုက်ရာလမ်းကြောင်းမှ သွားနိုင်ပြီ။

K-ဒါရ

No comments:

Post a Comment