Friday, March 11, 2016

လူစီဖာရဲ့ ​ကျေးကျွန်​ (၅)

လူစီဖာရဲ့ ကျေးကျွန်(၅)

ရေခဲရိုက်လူသေကောင်များကိုမြင်ပြီး ရေခဲသတ္တာထဲက ငါးတွေကို မီးဖုတ်ရင်း ငိုကြွေးဖူးခဲ့တယ်။
ဒါဟာ ဒွေး။ဒါဟာ လင်ကွန်း။ဒါဟာ ဦးသန့်။
ဧရာမဝင်ကစွတ်ကောင်ကြီးရဲ့ ဝမ်းဗိုက်မှာ
စတုဒီသာနဲ့ တရားနာပရိပ်သတ်များ။
ဝင်ကစွတ်ဟာ လျှာကို ဝမ်းဗိုက်ထဲသွင်းပြီး သစ္စာလေးပါးကို ပြသတော်မူတယ်။
အိုးအိမ်အတည်တကျမရှိသော ကုလားအုပ်ကိုစီး၍ ငါတို့ခရီးနှင်လာ၏။
ဂန္တာရဟာ လျှာရည်မထွက်တော့တဲ့ နွေရာသီ ခွေးနီတစ်ကောင်လို မောဟိုက်လို့။
CDစက်အဟောင်းထဲက"နာရီပေါ်က မျက်ရည်များ"ထွက်ပေါ်လာ။
လူငယ်နဲ့ ဂီတဟာ မြို့တော်လျှပ်စစ်ဝိုင်ယာလိုင်းတွေမှာ။
နီယွန်ပျိုမရင်သားသို့ ချန်ပိန်ပုလင်းကိုသွန်မှောက်ချလိုက်သည်။
မနက်ဖြန်ကို အပေါင်ထားခဲ့သောဘောက်ချာစာရွက်၌ ဂြိုတုတစ်စင်ရဲ့မီးခိုးလိပ်တွေဟာ
ကိုယ်ဗလာအနေအထားနဲ့ မူးမိုက်မေ့လဲသွားတယ်။
Mr Zawသည် ဗားက ထွက်လာပြီးမှ ပလက်ဖောင်းမှာ ဆောင့်ကြောင်ထိုင်ချလိုက်သည်။
မျက်လုံးမှာ သုတ်ကွင်းပြီး သေသူတွေနဲ့စကားပြောဖို့ကြိုးစားတတ်တဲ့ ငါ့သူငယ်ချင်း။
ရေခဲသတ္တာထဲ ငါးတစ်ကောင်မှမရှိတော့ဘူးဟုပြောရင်းငို၏။
ဗားထဲမှာ ကျန်ရစ်ခဲ့တဲ့ အဖေ့ရဲ့ချွေးတစ်နေ့သားလေး မာကျူရီအပျိုမရဲ့ လိင်အင်္ဂါထဲ အသက်မဲ့သွားတဲ့ အဖေ့ချွေးတစ်နေ့သားလေး။
အိမ်ခြံဝသို့ဝင်လိုက်တဲ့အခါ အဖေ့ရဲ့စကားသံကို
မာမ်မီတစ်ကောင်အသက်ရှင်နေသလိုကြားရ၏
"ဒီနေ့ဟာ သေဆုံးခဲ့ပြီ။ငါမသေသေးဘူး။ငါ့သားလည်း မသေးဘူး။ရေခဲသတ္တာထဲ ငါးတွေကို ထည့်မထားပါနဲ့ မိန့်မရယ် ငါ့သားငိုတာကို ငါမကြည့်ချင်ဘူး။သူ့ရဲ့နှာမည်ကို သူတော်စင်တစ်ယောက်ရွတ်ရင် သူဟာတစ်ပြန်ရှင်တယ်။သူ့ရဲ့နှာမည်ကို မိန်းမပျက်တစ်ယောက်ရွတ်ရင် အရှင်လတ်လတ်သူသေတယ်။ငါ့သားကို သေနေတယ်လို့ မပြောပါနဲ့"
အိမ်ရှေ့ကားရဲ့ စီယာတိုင်မှာ အဖေ့လက်ဗွေရှာအစင်းကျားများ။
အငှားကားမောင်းသမားရဲ့ လက်ဖဝါးမှာ ဝင်ကစွတ်တစ်ကောင်ဟာ အခါခါရှင်တယ်။
နောက်ထပ် ရေခဲရိုက်ထားတဲ့ငါးတွေမြင်တိုင်း ကျရယ်တတ်လာတယ်။
ဒွေး အခါခါရှင်တယ်။
ဦးသန့်အခါခါရှင်တယ်။
လင်ကွန်းအခါခါရှင်တယ်၊မနက်ဖြန်တစ်ခါတော့
ကျနော်သေအုံးမယ်။

K-ဒါရ

No comments:

Post a Comment