Tuesday, March 15, 2016

ဗာလာနံ

ဗာလာနံ

အကြောင်းပြချက်သိပ်တော့မလိုဘူး။
ကောင်းခင်ဟာ တဖြည်းဖြည်းနိမ့်ဆင်းလာတဲ့အခါ
မင်းဟာ မြေကျင်းတစ်ခုကိုတူးမယ်၊
သားသမီးတွေနဲ့ ပေါင်မုန့် ၊ ရေတွေကို ရနိုင်သလောက်ထည့်မယ်၊အလောတကြီးထည့်ပြီးသွားတော့ မြေတွင်းဟာ မင်းတစ်ယောက်စာမဆန့်တော့တာကိုတွေ့မယ်။ပြီးတော့ မင်းဟာ ကောင်းခင်ကို တစ်ချက်မော့ကြည့်ပြီး မြေတွင်းကို ပျဉ်ပြားတွေနဲ့ ပိတ်ထားလိုက်မယ်။မင်းမြေတွင်းပေါ်မှာရပ်နေမယ်။ကောင်းကင်ကြီး ပိုနိမ့်လာတဲ့နောက် မင်းဟာ တစ်စုံတစ်ခုကို လက်သင့်ခံလိုက်သလို မျက်လုံးကို မှိတ်ထားလိမ့်မယ်။

ခနကြာတော့ ကောင်းခင်ဟာ ရေတွေဖြစ်သွားပြီး မင်းဆီကို သွန်ကျလာမယ်၊
မင်းအထိတ်တလန့် မျက်လုံးဖွင့်ကြည့်လိုက်တော့ ပြီးခဲ့တဲ့နှစ်ကတည်းက မရွာတော့တဲ့ မိုးရေတွေကို မင်းမြင်မယ်၊ မင်း"ဟေး"ခနဲအော်လိုက်မယ်၊ရေစိုနေတဲ့ ဆံပင်တွေကိုအပေါ်သို့မတင်ပြီး မင်းဟာ သူရဲကောင်းတစ်ယောက်လိုပြုံးမယ်၊မင်းဟာ "ငါဟာ ဘုရင့်နောင်ပဲ"လို့ ကိုယ့်ကိုကိုယ် ချီးမွှမ်းမယ်။
ရေတွေကို ပုံးတွေခံမယ်၊မိုးရေပေါက်တွေကိုလိုက်ခုတ်ရင်း မင်းဟာ ဓားသိုင်းကစားမယ်။ပြီးတော့ မင်းငြိမ့်ငွေ့လာမယ်။ပြီးတော့ မိသားစုတွေကို မြေတွင်းထဲကပြန်ထုတ်ပြီး မင်းဟာ တစ်စုံတစ်ခုကိုလက်သင့်ခံလိုက်သလို မင်းပြုံးနေမယ်။

နောက်ဆို ကောင်းခင်ဟာ မကြာမကြာနိမ့်လာပြီး မိုးတွေ ခနခနရွာမယ်၊ပထမရွာကတည်းက ခဝဲစေ့တွေကို မျိုးစေ့ချထားလိုက်တဲ့ လူတွေဟာ မင်းအိမ့်ရှေ့မှာလာရောင်းမယ်၊ မင်းထက်ကြီးတဲ့ ဘုရင့်နောင်တွေကို မင်းမြင်လာမယ်၊သူတို့ဟာ အဖက်မတန်သလို မင်းကိုကြည့်ပြီး မင်းရှေ့ကနေကျော်တက်သွားမယ်၊နယူတန်တွေက မင်းကိုမေးငေါ့ပြီး ဖြတ်သွားမယ်၊နောက်ဆုံး စကရင်ထဲက ဟယ်ရီပေါ်တာတောင် မင်းမျက်ခုံးမွေးတွေ သေးလာပန်းလိမ့်မယ်။

မင်းဟာ စကိတ်စီးပြီး အိမ်ထဲဝင်လာမယ်၊
ရောဘာကျဉ်ဆံတွေနဲ့ ကံတရားကိုစိန်ခေါ်မယ်၊
အမြူမတွေကို မုဒိမ်းကျင့်ဖို့ကြိုးစားမယ်၊
လက်ညှိုးဖျားကို ဓားနဲ့လှီးပြီး နို့ထွက်လာဖို့ မာန်းမှုတ်မယ်၊ကျောက်စရစ်ခဲတွေကို လေးနာရီကြာအောင်ပြုတ်ရင် ထမင်းဖြစ်လာဖို့ ဆုတောင်းမယ်၊ဧရာဝတီမြစ်ထဲ ခုံဆင်းသွားတဲ့ ဂဝံကျောက်တုံးရဲ့ ရေမွန်းခံနိုင်မှုကို အတုယူရင်း မင်းဟာ မွေ့ယာပေါ်သို့ ငုတ်ဆင်းသွားမယ်၊မင်းဟာ သားသမီးတွေရဲ့ ဆာလောင်မှုကို မြင်နိုင်တော့မှာမဟုတ်ဘူး၊နောက်ဆုံးတော့ ဒါဟာ ကဗျာဖြစ်တယ်လို့ သေတန်းစာတစ်စောင်ကို မင်းရေးချင်ရေးထားခဲ့လိမ့်အုံးမယ်။ ။

K-ဒါရ

No comments:

Post a Comment