Thursday, March 10, 2016

လူစီဖာရဲ့ ​ကျေးကျွန်​(၄)

လူစီဖာရဲ့ ကျေးကျွန်(၄)

လင်းပိုင်မရဲ့ နို့ရည်များမှသည် နျူးမိုးဝါရေများထိ ခရီးပေါက်ခဲ့ပြီ။
ကိတ်ဝင်းစလတ်ရဲ့ ရင်သားများဟာ တိုင်းတင်းနစ်ရှပ်ရှင်ထဲကလို တောင့်တင်းကျသ်လျစ်မနေတော့။
ပလက်ဖောင်းထက်မှာတော့ နို့ဆာနေတဲ့ စစ်ဘေးသင့်ခလေးငယ်များ။ကျူးကျော်တဲကလေးမှာတော့ နို့ဆာနေတဲ့ ပန်းရံသည်မရဲ့ သမီးငယ်များ။
ဘုရားကျောင်းတစ်ခုလုံးကို တံခါးပိတ်ပြီး သွေးပြွန်ကြောတွေ မွဆပ် ပြတ်ထွက်စေမဲ့ အဆိပ်ငွေ့တွေကို နာဇီတွေ ထည့်ပေးလိုက်တယ်။
နိုင်ငံတော်သီချင်းကိုသီဆိုနေရင်း ပုဆိန်ရိုးဖြစ်သွားတဲ့လျှာများ။လျှာများ။
ဒိုင်နိုဆောတွေကိုရှာရင်း သစ်တောတွေကိုရှာဖို့ဖြစ်လာတဲ့နောက် အောက်ဆီဂျင်တွေကိုပါ တဆက်တည်းရှာဖွယ်နေရပြီ။
တရုတ်ပြည်ဖြစ်ပျားရည်တစ်ခွက်ခွက်နဲ့ နိုင်ငံတစ်နိုင်ငံဟာ ကာလသားဝမ်းရေးဂါစွဲလာတယ်။
အမေဟာ ထမင်းကြမ်းကို ရေဆမ်းပြီး သားချော့တေးနဲ့ ရောမွှေနေ၏။
ခနနေရင် ဘခ်ဟိုးတွေကို မြင်ရတော့မှာမို့ ညီမလေးဟာ ပျော်နေရှာတယ်။
ဟင်္သာကိုးသောင်းအကြောင်းကို ပြောသူတိုင်းလျှာဖြတ်ခံရမယ်တဲ့။
မဟာပဒုမ္မဇတ်တော်ဟာ ဟောဒီမှာ။
နိုင်ငံတော်ဟာ ပေါင်တိုတွေကို ရေထဲက ဆယ်လာတယ်။
တာပဏီစထဲမှာ အိမ်ကလေးကို ခေါက်ထိုးပြီးအမေလွယ်၏။
ကျနော်ဟာ ညီမလေးကို ချီ၏။အမေဟာ ကျင်ငယ်စွန့်သလို မျက်ဝမ်းက သေးရည်များကို အိမ်ကလေးမှာစွန့်၏။ခြံတံခါးဝမှာစွန့်၏။ထို့နောက် ခပ်လှမ်းလှမ်းမှ ကုက္ကိုပင်အောက်မှာ စွန်၏။
မွေးခွေးဟာ သိုးရေများကို ဘခ်ဟိုးကနေအံချတဲ့အခါ အိပ်ကလေးတွေဟာ မြေပြင်ပေါ်မှာ ဝမ်းလျားစင်းရှာ၏။
ဒီပင်္ဂရာဘုရားလည်းမဟုတ်၊သုမေဒါရသေ့ကြီးလည်းမဟုတ် အိမ်ကလေးဟာ မြေကြီးပြင်မှာ ဝမ်းလျားစင်းရှာ၏။
ကက္ကိုပင်အောက်မှာ ငါ့တို့ ညကလေးကို အမေ့ငိုသံဆမ်းပြီးကျွေးတယ်။
ထမင်းကြမ်းပန်းကန်ထဲ ရေကိုဆမ်းတယ်။သားလျော့တဲကိုဆမ်းတယ်။အမေ့မျက်ရည်ကိုဆမ်းတယ်။ကျနော်တို့မောင်နှမရဲ့ ဝ လုံးဝိုင်းဝိုင်းကလေးတွေနဲ့ ကကြီး ခခွေးကိုရောပြီးမွှေတယ်။
လင်းပိုင်ခေတ်ကုန်ဆုံးသွားတဲ့အခါ ငါတို့အိမ်ကလေးဟာ ဒိုင်နိုဆောအရိုးစုတွေလို ပြတိုက်တွေဆီသို့ ပြန်ရောက်လာမလား။ ။

K-ဒါရ

No comments:

Post a Comment