Monday, March 28, 2016

ဟမ်​ဘာကာ

ဟမ္ဘာကာ

သဲတစ်ရှပ်ရှပ်နဲ့ ကျောက်တုံးကို
လျှာနဲ့ပွတ်နေတဲ့ မိချောင်းများ
ဓားသိုင်းသမားရဲ့ လက်ဖန်မှာ
ကြောင်ကုပ်ရှာတွေ ဗလပွနဲ့

နေ့စွဲတွေဟာ သွေးဆုံးပြီဟု
သူ့ဒိုင်ယာရီမှာ အဲ့သလိုရေးပြီး
မန်နတ်ဆီက မီးတစ်တို့ညှိနေ

ခြံဝင်ဝက တံခါးဟာ
ငါ့ကိုမမြင်တာ ဘယ်လောက်ကြာပြီလဲ
စန္ဒရားထက်က လက်ချောင်းတွေမှာ
ဆာလောင်တဲ့ အာသာနဲ့
ငိုရှိုက်နေတဲ့ ကုလားအုပ်လည်တိုင်များ

အမှောင်နဲ့ တစ်ထပ်တည်းကျတဲ့အဖြူရောင်မှာ
လူတစ်ကောင်ဟာ မျက်ကြည်လွှာဆုံးရှုံသလိုမျိုး
အိမ်အဝင်က ဆည်းလည်းသံဟာ
တေမိဇတ်က ပြန်ထွက်မလာတော့ဘူး။

K-ဒါရ

No comments:

Post a Comment