Thursday, March 10, 2016

လူစီဖာရဲ့ ​ကျေးကျွန်​(၁)

လူစီဖာရဲ့ ကျေးကျွန်

ကဗျာရွတ်နေသော စက်ရုပ်များကို တွေ့ဖူး၏။
စက္ကူစွန်စီး၍ ကမ္ဘာတစ်ပတ်ပို့ပေးရန် ဖေဖေ့ကို
ပူဆာဖူးသည်။
ကျနော်ဘုရားဝတ်ပြုသည့်အခါ ပေါ်လာနေကြ
ကျနော့လက်ဖန်က ဟစ်တလာပုံတက်တူးများ။
ဟစ်တလာဟာ စန္ဒရားတစ်ခလုပ်တွေကို ညှင်သာစွာတီးခတ်နေတယ်။
ဒါမှမဟုတ် ဆင်းတုတော်ရဲ့ လည်မျိုကို ဟစ်တလာဟာ ခြောက်လက်မဓားနဲ့ အားကုန်ထိုးစိုက်လိုက်တယ်။

ကမ္ဘာမီးလောင်ပြီဟု အမေအော်တော့ ကျနော်ဟာ ဘာဂျာမှုတ်ခြင်းကို အရှိန်မြှင့်လိုက်တယ်။
ကြမ်းပြင်ထက်မှာ ငါးမန်းတစ်ကောင်ရဲ့ပါးစပ်ထဲ အိန္ဒြာကျော်ဇင်ကို ဝတ်လစ်စလစ်တွေ့ရတယ်။
မျက်နှာကြက်မှာ စီရော်နလ်ဒို နဲ့ မမ်မန် နတ်ဆိုးတို့ ဘော်လုံးတစ်လုံးကို ပြိုင်လုနေကြ၏။
ဘီဒိုပေါ်မှာ ဂျူးခြောက်သန်းကျော်ရဲ့ အရိုးစုများကို အကျဉ်းရှုံ့၍ ဖန်ပုလင်းထဲထည့်ထားသည်။
ထို့နောက် ဂေါတမရဲ့ ဒေသနာများ၊
ကျနော်ဟာ ထရပ်ကားတစ်စီးကို အာခေါင်ကဆွဲထုတ်ပြီး ဂျာမနီရဲ့ စစ်ရေးပြကွင်းတစ်ခုဆီ ခရီးနှင်ပြီ။
တီကောင်များဟာ ကာလနဂါးကို မျိုချလေတော့မည်။
ဘဝမှာ ဖြစ်ချင်တာတွေ ဖြစ်နေသရွေ့ ဖြစ်ချင်တာဟာ ဘယ်နှစ်ခုလဲ။
ဘိုမီယမ်းတွေနဲ့ လက်ဖဝါးချင်းရိုက်။
ကျနော် ခလုပ်တိုက်တဲ့အခါ ဖန်ပုလင်းထဲသို့ ကျနော်ရောက်သွားသည်။
"ဂျူးခြောက်သန်းကျော်အရိုးစုများ ကျနော့ကို တစ်ယောက်တည်း မထားခဲ့ပါနဲ့"

K-ဒါရ

No comments:

Post a Comment