Saturday, April 30, 2016

ဒယ်​စီဆုံးတာ မ​သေချာ​သေးဘူး

"ဒယ်စီ ဆုံးတာ မသေချာသေးဘူး"

တစ်ယောက်ယောက်ကို ထိုင်စောင့်နေရင်း
ကျနော်တစ်ယောက်တည်းပဲ ရှိသေးတယ်လို့ တွေးမိတဲ့အခါ
သူမ တကယ်မလာသေးဘူးပဲလို့ ရေရွတ်မိတယ်။

ကော်ဖီခွက်ကို ဇွမ်းနဲ့မွှေနေရင်း
ရပ်မှန်းမသိပဲ ရပ်ထားလိုက်မိတယ်။

ကျနော့ ဆံပင်တွေကို ဝင်လာပွတ်တိုက်သွားတဲ့ လေညှင်းတွေကို
"ဒယ်စီ"လို့ လိုက်ခေါ်တယ်။
(သူမ တကယ်ပြန်မလာသေးဘူးပဲ)

"ရှင့်ရဲ့ မိုက်မဲတဲ့ မျှော်လင့်ချက်တွေဟာ
ကျမရဲ့ လွပ်လပ်မှုကို အမဲစက်ထင်းစေတယ်။ရှင်က သိပ်သနားစရာ ကောင်းတဲ့ စောင့်မျှော်သူဆိုရင် ကျမဟာ ရက်စက်လွန်းလှတဲ့ ပစ်ခွာသူဖြစ်မနေဘူးလား"

CDတစ်ချပ်ကို စက်ထဲထည့်ပြီး
ဖွင့်လိုက်တဲ့အခါ
ကဗျာတစ်ပုဒ်ကို ခေါင်းစဉ်မတတ်ပဲ
ရေးလိုက်တဲ့အခါ
မျက်နှာကြက်ကကြောင်ဟာ ဗြန်းခနဲခုံဆင်းလာလို့ အလန့်တကြားယောင်အော်မိတဲ့အခါ
အင်္ဂါထောင့်က ဘုရားမှာ ရေ၂၇ခွက် သပ္ပါယ်တဲ့အခါ
ထွက်လာတဲ့ အသံတစ်ခုဟာ တစ်မျိုးတည်းပဲ ဖြစ်နေတယ်
................"ဒယ်စီ"................

"ဘဝဟာ ဘုရားဇောင်းတန်းက ပန်းသည်ရောင်းတဲ့ ပန်းစဉ်းကလေးတွေပဲ
တစ်စုံတစ်ယောက်က ဝယ်ယူပူဇော်လို့
ပူဇော်သူ ပြန်မလာတော့ရင် နောက်တစ်ယောက်ဝယ်ယူပူဇ်ာခြင်းကို ခံယူဖို့
ပန်းစဉ်းဟာ မူရင်ပန်းသည် ဗန်းထဲမှာ ပြန်လာနေရတယ်။
ရှင်ဘာလို့ ကျမတစ်ယောက်တည်းကို နှာမည်တတ်ပြီး လွမ်းနေရတာလဲ။
လူဖြစ်ရှုံတယ်"

အချစ်နဲ့ ထိတွေ့ပြီးတဲ့အခါ ရေနက်ကျောက်တုံးတွေက ရေမွှာပန်းတွေပွင့်လာတယ်။
အချစ်နဲ့ ထိတွေ့ပြီးတဲ့အခါ ဆောင်ဦးပေါက်ရဲ့မြူမှုံတွေလောက် လွမ်းစရာကောင်းတာ မရှိဘူး။
အချစ်နဲ့ ထိတွေ့မိတဲ့အခါ အရှင်မေဂ္ဂလန်ဟာ ကျနော့ထက်ပို မိုက်မဲသူပဲ။
အချစ်ဟာ လိပ်ပြာတစ်ကောင်ရဲ့ တောင်ဖန်လို အရောင်အမျိုးမျိုးပြောင်းဖို့ ထိတွေ့ရတဲ့ ပတ်ဝမ်းကျင်အပေါ် မှီတည်တယ်။

နောက်အပါတ် ကြာသပတေးနေ့ ဒယ်စီ ဟာ
ကျနော့ဆီသို့ ရောက်လာမယ်လို့ အိပ်မက်မက်တဲ့ နေ့တွေမှာတော့ ကျနော်ဟာ ပျော်သလိုလိုလေး ရှိခဲ့ပါတယ်။

ပြူတင်းတံခါးနားမှာ ထိုင်ရင်း နာရီရိန်းတုန်းကလေးနဲ့ သီချင်းဆိုတဲ့ အခါတွေလည်း ရှိပါတယ်။
နံနက် လေးနာရီနဲ့ ညနယ်လေးနာရီတွေမှာ
မပျက်မကွက် သီဆိုဖြစ်ပါတယ်။
ဒယ်စီ ရောက်လာရင် ဆိုပြမယ်လို့လည်း
တွေးထားတယ်။

ကော်ဖီခွက်ထဲမှာ ယင်ကောင်တွေ ဖောလေမျောနေတာတွေ့တော့မှ "ဒယ်စီဟာ တကယ်မလာသေးဘူးပဲ"လို့ ရေရွတ်မိရှာတယ်။

စန္ဒရားပေါ်က နှင်းဆီပန်အခြောက်တွေနဲ့
ဖုံမုန်တွေဟာ ပန်ကာလေနဲ့ လွင့်တက်သွားတဲ့အခါ "ဒယ်စီ ဟာ တကယ်ပြန်မလာသေးတာပဲ"လို့ တိုးတိုးကလေး ကျနော်ညည်းပါတယ်။

အခန်းထောင့်ဗာဒံပင်က ဗာဒံရွက်ကလေး
ကြွေလွင့်တဲ့အခါမှာတော့
ကျနော် အလန့်တကြားအော်တယ်။
"ဒယ်စီ မကြွေပါနဲ့"

K Darra

1-MAY-2016