Thursday, March 10, 2016

လူစီဖာရဲ့​ ​ကျေးကျွန်​(၃)

လူစီဖာရဲ့ ကျေးကျွန် (၃)

ရေလွှတ်မြောင်းရဲ့ အပေါ်ရေလောင်းအိမ်သာရှိသည်။
အိမ်ရှေ့မှာ မထရ်မြတ်ဆွမ်းခံရပ်တော့ မိမိယောက္ခမဟာ အစာဟောင်းစားသူများဟု ဝိသခါကပြော၏။
အသံများဟာ နံရံကတွန်းကန်လိုက်သော မြားစူးဖြစ်သည်။ဒေလီယာဝတ်ဆံဖြစ်သည်။မီးပွါးနှင့်နှင်းမှုံဖွေးဖွေးများဖြစ်သည်။
အဖေ့ရဲ့ ခြေဖနောင့်တွန်းကန်အားကို ဂုဏ်ပြုဖို့ မိမိဟာ ဘိလိယက်ခုံနားမှာ ဆယ်စုနှစ်တစ်ခုစာရပ်နေခဲ့သည်။
အဖေအပြေးနှုန်းနှေးတဲ့အခါ ထမင်းစား စားပွဲပေါ်မှာ ကြက်များသာလာဥပြီး အဖေအပြေးမြန်လျှင် ရေခဲသတ္တာဟာ ဟမ်ဘာကာနှင့် ပေါင်မုန့်များလုပ်သည့်စက်ဖြစ်သည်။
တစ်နိုင်ငံလုံး လက်နက်တွေ အရောင်တလက်လက်တောက်တဲ့နေ့က ငါ့ကိုမွေးတာလား။
သုဝဏ္ဏသျှံကြောင်း သူ့မိဖတွေ မျက်လုံးမျက်လုံးပြန်မြင်ကြတော့ကျနော်ဟာ မြန်မာ့ရဲရဲ့ မျက်ရည်ယိုဗုံးဖြစ်နသေည်။
ခြောက်ကြိုးတတ်ဂီတာနဲ့ ပလက်ဖောင်းပေါ်ကညနယ်ဟာ ကမ္ဘာကြီးကို အိပ်မွေ့ချသည်။
မေမြင့်မို ရင်သားများဟာ ၅၂၈ သုံညကြွင်းအောင်စားနိုင်တယ်။
ဒါမှမဟုတ်မြင်းမိုရ်ထက် ပိုမြင့်တယ်။
ဘုရားကိုအမှီပြုပြုရင် ခိုတွေဟာ အစာတွက်ပူစရာမလို။
မနေ့က အဖေဖျားတယ်ဆိုတော့ နတ်ကွမ်းတစ်ခုမှာ အရက်နဲ့ ကြက်ကျော်လူပြီးဆုတောင်းခဲ့သည်။
အဖေ့မွေ့ယာအောက်က ငွေနှစ်သောင်းကိုယူ၍ ဆေးနဲ့ စားစရာ ငါးထောင်ဖို့ ဝယ်ပေးခဲ့သည်။
နားထဲ ဖုန်းနားကျပ်တတ်ပြီး ရော့ခ့်သီချင်းတစ်ပုဒ်နဲ့ အဖေ့ အဖေ့ချောင်းဆိုးသံကို လူစားလှဲပစ်သည်။
မနက်ရှစ်နာရီဟာ အဖေ့ဆိုက္ကားနဲ့ အိမ်ရှေ့တံခါးကို ဖွင့်နေကျ။
ကျနော်ပြန်ရောက်လာတော့ အိမ်ရှေ့တံခါးဟာ မပွင့်သေးဘူး။
ထမင်းစားပွဲပေါ်မှာ ကြက်ဥကျော်က သိုးစော်နံနေပြီ။
အဖေ့အခန်းကို တံခါးဖွင့်တော့ အဖေ့ကိုယ်က ပုတ်စော်နံနေပြီ။
ကျနော်ဗိုက်လာတဲ့အခါ ကျနော်သိလိုက်သည်။
ရေလွှတ်မြောင်းထဲသို့ ဗိမ္ဗိသာရမင်းကြီးပြုတ်ကျသွားသည်။

K-ဒါရ

No comments:

Post a Comment