Saturday, September 2, 2017

psychic-1

"psychic -1

"အဲ့ဒီ ဗွီဒီယိုကို ကြည့်ပြီး ခုနစ်ရက်အတွင်းမှာ ကြည့်တဲ့သူဟာ သေပေးရတယ် "

"တစ်ခုတည်းသော လွတ်မြောက်ရာဟာ အဲ့ဒီဗွီဒီယိုကို နောက်တစ်ယောက်ကို ကြည့်ခိုင်းခြင်း အားဖြင့် သေခြင်းတရားကို လက်လွှဲနိုင်တာပဲ " တဲ့

ပုံပြင်တစ်ခုမှာ မင်းသားဟာ သေသွားတဲ့ သူ့ချစ်သူကို ငရဲ အထိ လိုက်ပြီး ကယ်သတဲ့ ။
"မင်းချစ်သူ ကျမဲ့ငရဲကို မင်းခံစားပေးခြင်းနဲ့ သူမရဲ့ အပြစ်ကို လွတ်ငြိမ်းခွင့် ပေးနိုင်တယ် ။
သူမဖက်က လုပ်ပေးရမဲ့ တစ်ခုတည်းသော တာဝန်ဟာ မင်းကို သတိမရတော့ပါဘူး ဆိုတဲ့ ကတိပဲ " ဆိုတော့ ငရဲမင်းရဲ့ စကားကို မင်းသမီးလေးဟာ ငြင်းဆန်နေတုန်းမှာပဲ မင်းသားဟာ မင်းသမီးပါးစပ်ထဲသို့ တစ်သက်တာ မေ့ဆေးတစ်မျိုးကို အတင်းထိုးကျွေးပစ်လိုက်သတဲ့ ။

တကယ်လို့များ The Rings ရုပ်ရှင်ထဲက ဗွီဒီယို ဖိုင်လေးကိုသာ ကျွန်တော့်ချစ်သူက ကြည့်ဖြစ်သွားခဲ့ရင် ကျွန်တော်ဘာလုပ်မလဲ ဆိုတာ စိတ်ဝင်စားစရာ မဟုတ်လား ။

"The Boy " ရုပ်ရှင်ထဲက အိမ်ဖေါ် အမျိုးသမီးလို ကော်ရုပ်တစ်ခုကို သီချင်းဆိုပြနေရတဲ့ တာဝန်တစ်ခုကို ချစ်မိပြီးနောက်မှာ
ကျွန်တော်တို့ ရရှိခဲ့ကြ ။

မသိစိတ်ရဲ့ တိမ်းညွတ်မှုတစ်ခုအဖြစ် သေသူဟာ အရုပ်ဆီမှာ ဝင်ပူးနေတာလို့ ခံစားပြီး ကြေက်လန့်နေရသလိုမျိုး
အချစ်ဆိုတာ  ကျွန်တော်တို့ စိတ်ကူးနဲ့ မဆန့်တဲ့အထိ ပုံဆောင်ခဲ အားလုံးကို ဖြစ်စေနိုင်တယ် ။

ချစ်မိသွားပြီဆိုရင်တော့
စတင်ကမ်းတော့တာပါပဲ ။

လောလောဆယ်တော့ သူမကို ဗွီဒီယိုမကြည့်ဖို့ တားမြစ်ရမိတော့မယ်။ ။

K-ဒါရ

No comments:

Post a Comment