တစ်ယောက်ကို လွမ်းနေဖို့
တစ်ယောက်ဟာ မသေပေးနေပေးရ
ငရဲကျတယ်တယ်ဆိုတာ ကိုယ့်အိပ်ကပ်ထဲမှာ ဘာမှမရှိဘူးဆိုတာကို ပြောမထွက်ပဲ မင်း ဘာလိုအပ်သလဲ
မေးချင်နေတဲ့ အခိုက်တန့်လေးတွေပါ Dear ။
◾ နာကျင်ခြင်း အသားပန်းပုရုပ် ◾
ကိုယ်ငိုကြွေးပစ်ရမလား
ကိုယ့်ရိုးတွင်ခြင်ဆီတွေမှာ နှင်းလိုအေးခဲတဲ့
ဆဲလ် တွေပြည့်သိပ်လို့။
တွင်းနက်ကြီးတစ်ခုဆီက
ခုနစ်ဘဝဆက်တိုက် မိခင်တော်စပ်ခဲ့သူရဲ့
ခေါ်သံလို
အညိုရောင်အစင်းကျားတွေနဲ့
ပြည်တည်နေတဲ့ နှင်းဆီအတွင်းသားကို
ကိုယ်စားချင်ခဲ့ရဲ့
နောက်
မီးရထားရဲ့ အရှိန်လို ကိုယ်ချစ်ခဲ့ပြီပေါ့
နောက်
စီးကရက်တစ်လိပ်ရဲ့ လောင်မြိုက်မှုလို
ကိုယ် လူရာဝင်ချင်လာခဲ့ပေါ့
ခုတော့
ကိုယ်ရယ်မောပစ်လိုက်မယ်
ခုတော့ ကိုယ်ဟာ ဒိန်ချဉ်တွေအပြည့်ထည့်ထားတဲ့ ဥနှောက်နဲ့ မင်းနှာမည်ဆီ မှောက်ကျသွားခဲ့ပေါ့
ရောက်ရာအရပ်က အမျှပေးဝေသံကို
စောင့်စားရတဲ့တစ္ဆေတစ်ကောင်ဟာ ကိုယ်မဟုတ်ဘူး
ကိုယ့်အတွက်တတ်ဆင်ဖို့မေ့နေတဲ့ မင်းရဲ့ နားရွက် အသားစတွေထဲ ကိုယ် ပွင့်ဖူးလို့ပေါ့
သိသိသာသာ အပြာရောင် ပင်လယ်တစ်စင်ထဲ
အက်ကွဲတော့မဲ့ လှိုင်းတစ်လုံးရဲ့ ခြေသဲခွံတွေလို
ကိုယ့် ငိုသံကိုယ်က နာသာလွန်းလှပါတယ်
K-ဒါရ
No comments:
Post a Comment