Thursday, October 6, 2016

သေခြင်းတရားဟာ ဘယ်​ငရဲ​လောက်​မှမလှဘူး

သေခြင်းတရားဟာ လက်ရှိငရဲလောက်မှ မလှဘူး
lllllllllllllllllllllllllllllllllllllllllllllllllllllllllllllllllllllllllll

ဘယ်လောက်တုံလှုပ်စရာကောင်းတဲ့
ကျမ္မာရေးချို့ယွင်းမှုလဲ
ငါ့မျက်ကြည်လွှာမှာ မင်းမျက်နှာပုံမှိုပွင့်တွေ
ကြီးထွားနေပြီ
နားရွက်နှစ်ဖက်ဟာ ကမ္ဘာကြီးတုံးဟီးသံကအစ
မင်းခေါ်အဖြစ်အပြစ်ပြောင်းလွဲပြီး
ငါ့နားထင်က ရင်ဘတ်ထိရောက်အောင်
လွှံသွားတစ်ခုကိုလို ထိုးသွင်းနပြေီ
မင်းရဲ့ကြီးစိုးမှုဟာ ကာလသားဝမ်းရောဂါဗိုင်းရစ်လို
ငါ့သိ၊ထိ၊ကြားနာမှုတိုင်းနီးပါးကို ဝါးမြိုလာပြီ။

လမ်းလျှောက်နေရင်း ရပ်ထားတဲ့ ကားတစ်စီးကို
ငါဝင်တိုက်မိတဲ့အခါမျိုး
ကော်ဖီဆိုင်ထွက်လာတုံး ခွေးတစ်ကောင် ငါ့ဆီသို့ပြေးလာတဲ့အခါမျိုးမှာ
မင်းကိုမေ့သွားတဲ့အခိုက်တန့် တွေဆိုတာ
ငါကျမ္မာနေတာပဲ
သိနေမှုကို အာသာတစ်ခုကတွန်သလိုမျိုး
ငါကျမ္မာနေတာကို ငါမကြိုက်ဘူးအချစ်။

ငါ့မှိတ်ထားတဲ့ မျက်လုံးအတွက်
မမြင်နိုင်တဲ့အမှောင်ထုရဲ့ နတ်ဘုရားမတစ်ဆူ၊
ငါဖွင့်ထားတဲ့  မျက်လုံးတွေအတွက်
မြင်နေသမျှရဲ့ လောကဓာတ်တက်တူ၊
အာရုံခြောက်ပါးရဲ့နာမ်စား၊
အရူးတစ်ကောင်ရဲ့ အမဲသား၊
ဟုတ်ကဲ့။မင်းဟာ ငါ့ရဲ့သဘာဝတရားဖြစ်လာပြီ။

တစ်ချက် တချက်
ရင်ခုံမှုမှာ သွေးတစက်စက်ကျသလို နာကျင်ရတယ်
တစ်ဝှက်တစ်ပျက်နဲ့ ရှင်သန်မှုကို ရပ်စဲပစ်ချင်အောင် နာကျင်ရတယ်
တစ်သက်ပြီးနောက်တစ်သက်မှာ မင်းနဲ့မကြုံမှာကို စိုးရိမ်တာနဲ့ပဲ လက်ရှိငရဲကို ထိတ်ထိတ်လန့်လန့်နဲ့ လိုချင်နေရတယ်။

လူသားတွေချစ်ကြမှု အပြုအမူမှာ
ငါ့လောက်မိုက်မဲသူ ရှာတွေ့အုံးမလား
ရှင်နေတဲ့သိက္ခာငွေ့ငွေ့ကလေးကို မင်းနှာမည်နဲ့
ဘာဏ်အကောင့်ဖွင့်ပစ်တယ်
ယုံကြည်မှုဆိုတာဟာ မင်းပြန်လာမယ် ဆိုတာကလွဲပြီး ကျန်တာဘာမှမဟုတ်ဘူးလို့ ယုံကြည်ပစ်လိုက်တယ်
ငါ့နှုတ်ခမ်းမှာရွှဲစိုဖူးတဲ့ မင့်လျှာရည်တစ်စက်ထဲမှာ ငါ့နခေါင်းကိုနှစ်ထားပစ်လိုက်တယ်။

K-ဒါရ

No comments:

Post a Comment